မင်းတုန်း ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ယနေ့နံနက် (၆)နာရီက အခြေခံပညာအထက်တန်း (မင်းတုန်း)တွင် ကပ်ထားကြေညာရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ကံမမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၈၉)ဦး ဝင်ရောက်ဖြေဆိုရာ (၁၅၃)ဦး အောင်မြင်၍ အောင်မြင်မှုရာခိုင်နှုန်း (၈၀.၉၅) ရှိပြီး (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၈)ဦး၊ (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၀)ဦးနှင့် (၁)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ(၄၅)ဦး စုစုပေါင်း ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သူ (၇၃)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)