မဘိမ်း ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထုတ်ပြန်ကြေညာရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မဘိမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက(မဘိမ်း)စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ ၈၈ ဦး ဝင်ရောက်ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူ ၆၃ ဦး အောင်မြင်ကာ (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ ရိုးရိုးအောင်မြင်သူ(၃၆)ဦးရှိကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ ၇၁.၅၉ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးမင်း (မဘိမ်း)