ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့်အရာရှိ၊ စစ်သည်နှင့်မိသားစုဝင်များ ၊ ပြည်သူများကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။