ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာဖြေဆိုအောင်မြင်မှု ၇၆ ဒသမ ၀၃ ရာခိုင်နှုန်းအောင်မြင်

ငဖဲ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း ငဖဲမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေ ၄၉ ဦး၊ ပြင်ပဖြေဆိုသူ ၂၄၃ ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၂၉၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး  ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၃၅ ဦး၊ အပြင်ဖြေ ၁၈၇ ဦး စုစုပေါင်း ၂၂၂ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် ၇၆ ဒသမ ၀၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

 အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်မှု လေးဘာသာဂုဏ်ထူးရှင် ၇ ဦး ၊ သုံးဘာသာဂုဏ်ထူးရှင် ၂၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၈  ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၁၂၀ ရှိပြီး ရိုးရိုးအောင်မြင်သူ ၁၀၂ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)