ထန်းတပင်(ရန်ကုန်) ဇွန် ၉
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(ထန်းတပင်) စာစစ်ဌာနတို့တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းများကို ထုတ်ပြန်ခဲ့ရာ အောင်မြင်သည့် ရာခိုင်နှုန်းအနေဖြင့် (၇၈.၂၈)ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (ထန်းတပင်) စာစစ်ဌာန(၁)ခုတွင်သာ ကျင်းပပြုလုပ်ခဲ့ကြပြီး အ.ထ.က(ထန်းတပင်) စာစစ်ဌာနတွင် စာရင်းရှိ(၂၉၆)ဦး ဝင်ရောက်ဖြေဆိုသည့် ဦးရေ(၂၆၇)ဦးတို့တွင် လေးဘာသာဂုဏ်ထူးရှင် (၄) ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၉ )ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၇၈ )ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၀၄)ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင်မြင်သူ (၂၀၉)ဦး ရှိကာအောင်မြင်သည့် ရာခိုင်နှုန်းအနေဖြင့် (၇၈.၂၈)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)