နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပေး နှိုးဆော်

နမ္မတူ ဇွန် ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေး (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နမ္မတူမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကိုမဖြစ်မနေ စနစ်တကျတပ်ဆင်ပါ လက်ကိုစက္ကန့် (၂၀)ကြာအောင် စင်ကြယ်စွာ ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ မိမိအိမ်တွင်း၌ သာနေထိုင်ပါ၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းပေါက်များကို ဖွင့်ထားပါ၊ လူစုလူဝေးရှောင်ရှားပါ၊ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။     

လူမော် (ပြန်/ဆက်)