ကျိုင်းလပ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show)ဆွေးနွေး

ကျိုင်းလပ် ဇွန် ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးနှင့် အငယ်တန်းစာရေး(အင်အားပြ) ဒေါ်နန္ဒာနိုင်တို့ကမူးယစ်ဆေးဝါး‌ကြောင့် လမ်းမှားပေါ်မရောက်အောင်၊ မမှီဝဲသင့်သည်ကို မှီဝဲမိပြီးမိမိတို့ရဲ့ ဘ၀ရေတိမ်မနှစ်အောင်၊ အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ပြီး ဆောင်ရန်ရှောင်ရန်များ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ထိန်းချုပ်ဓာတုပစ္စည်းများကိုသုံးစွဲခြင်း၊ လက်၀ယ်ထားရှိရောင်း၀ယ်ခြင်းများကျူးလွန်ပါက ဆိုးကျိုးများပြစ်မှု ပြစ်ဒဏ်များအကြောင်းနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများနှင့် တစ်မျိုးသားလုံး မူးယစ်အန္တရာယ်ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီးစို့ စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ပြောကြားဆွေးနွေးခဲ့ကြသည်။

မေဇင်ဦး(ပြန်/ဆက်)