ပင်လောင်း ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ခြင်းကို ယမန်နေ့နံနက် ၅ နာရီက ပင်လောင်းမြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ အသီးသီးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန(၅)ခုတွင် ဖြေဆိုရန်စာရင်း(၈၅၉ )ဦးရှိပြီး (၇၉၇)ဦးသာ ဖြေဆိုခဲ့ရာ အောင်မြင်သူ(၅၉၃)ဦး အောင်ချက် (၇၄) ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီး၊ ငါးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၈)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၄၁)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၆၀)ဦးရှိပြီး စုစုပေါင်းဂုဏ်ထူးရှင်(၂၃၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)