ဝါးခယ်မမြို့နယ် ရေတွင်းကုန်းကျေးရွာ၌ ဆောင်းသီးနှံ (နေကြာ) စိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ၌ ဆောင်းသီးနှံ (နေကြာ) စိုက်နည်း စနစ်ကွင်းသရုပ်ပြပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။