ဗန်းမော်မြို့တွင်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းနားကျင်းပ

ဗန်းမော် ဇွန်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ဖန်ခါးကုန်းစစ်ရှောင်စခန်း၌ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ရက် နံနက် ၁၀ နာရီခန့်ကကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က နိုင်ငံတော်အကြီးအကဲများ၏လမ်းညွှန်မှုဖြင့် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနကဖွင့်လှစ်ပေးသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများကိုအခြေခံ၍ နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူများ၊ ပညာရေးဆုံးခန်းမတိုင်သူ လူငယ်၊ လူရွယ်များနှင့် တနိုင်တပိုင်အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများထူထောင်နိုင်ရန်အတွက် အသက် မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာသင်တန်းများကို တက်ရောက်ပြီး ရရှိလာတဲ့ပညာရပ်များကို လက်တွေ့အသုံးချခြင်းဖြင့် မိသားစုများဝင်ငွေတိုးပွားရရှိနိုင်ကြောင်း၊ မိသားစု၏အိမ်စရိတ်ကို ခြိုးခြံချွေတာနိုင်ပြီး အရည်အသွေးကောင်းသည့် ပစ္စည်းများကိုလည်း မိမိတို့ကိုယ်တိုင် ထုတ်လုပ် သုံးစွဲနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်မင်းနိုင်က ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ထူးချွန်ဆုရရှိသူများက လက်ခံရယူခဲ့ကြပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်သန်းက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။

ဆက်လက်၍ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းထွက် ကုန်ချောပစ္စည်းများဖြစ်သော ဘက်စုံသုံးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခရင်မ်၊ အဝတ်လျှော်မွှေးရည်၊ မှန်ကြည်ဆေး၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုးစုစုပေါင်း လူသုံးကုန်ပစ္စည်း (၁၀)မျိုးအား လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ခဲ့ကြသည့် သင်တန်းသူများအား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖန်းခါးကုန်းစစ်ရှောင်စခန်းမှ သင်တန်းသူ (၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို (..၂၀၂၃) ရက်နေ့မှ (..၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ နည်းပြဆရာ၊ဆရာမ(၄)ဦးဖြင့် သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)