ကျုံပျော်မြို့ အောင်ဆန်း အမကတွင် ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၉ ရက် နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း ဆောင်သစ်ရှေ့တွင် ကျင်းပ ပြုလုပ်သည်။