စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန် အောင်ချက်ရာခိုင်နှုန်း (၆၆.၉၄) ရာခိုင်နှုန်းရှိ

စစ်ကိုင်း ဇွန် ၉

၂၀၂၃ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို နိုင်ငံအဝှမ်းတွင် ဇွန်(၉)ရက်၊ နံနက်(၆)နာရီက တစ်ပြိုင်တည်း ထုတ်ပြန်ပေးလျက်ရှိရာ စစ်ကိုင်းမြို့ တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ကျောင်းသား/ကျောင်းသူများ ကြည့်ရှုခဲ့ကြသည်။

စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ဘာသာတွဲများအလိုက် စာရင်းရှိ ကျား(၅၉၈)ဦး၊ မ(၈၄၇)ဦး၊ စုစုပေါင်း(၁၄၄၅)ဦး ရှိခဲ့ပြီး လာရောက်ဖြေဆိုသူ ကျား(၄၈၈)ဦး၊ မ(၇၄၃)ဦး၊ စုစုပေါင်း (၁၂၃၁) ဦး ဖြေဆိုခဲ့ကြရာ အောင်မြင်သူ ကျား(၃၁၅)ဦး၊ မ(၅၀၉)ဦး၊ စုစုပေါင်း(၈၂၄)ဦး အောင်မြင်ခဲ့ကြကာ ဘာသာတွဲများအလိုက် ဂုဏ်ထူရ(၆)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၃၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၄၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၇၆)ဦး (၁)ဘာသာဂုဏ်ထူးရှင်(၁၆၆)ဦး ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၆၆.၉၄) ရာခိုင်နှုန်းဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရှိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)