မဟာအောင်မြေ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မဟာအောင်မြေမြို့နယ်အနေဖြင့် ဝင်ရောက်ဖြေဆို ကျောင်းသား၊ ကျောင်းသူ ၈၀.၃၁ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် စာစစ်ဌာန ၂ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၉၀၉)ဦးရှိရာ ဖြေဆိုအောင်မြင်သူ (၇၃၀)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၈၀.၃၁ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ကြောင်း၊ (၁)ဘာသာဂုဏ်ထူး(၁၄၆)ဦး၊ (၂)ဘာသာဂုဏ်ထူး(၈၈)ဦး၊ (၃)ဘာသာဂုဏ်ထူး(၄၈)ဦး၊ (၄)ဘာသာဂုဏ်ထူး(၃၂)ဦး၊ (၅)ဘာသာဂုဏ်ထူး (၄၇)ဦး၊ (၆)ဘာသာဂုဏ်ထူး (၁၀)ဦးထွက်ရှိကြောင်းနှင့် အဆိုပါ စာစစ်ဌာန အသီးသီးရှိ အောင်စာရင်းအား ယနေ့နံနက်(၆)နာရီတွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား/သူများ၊ ကျောင်းသား/သူမိဘများနှင့် အုပ်ထိန်းသူများမှ ပျော်ရွှင်စိတ်လှုပ်ရှားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း