၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ဇီးကုန်း ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ စာရင်းကို သက်ဆိုင်ရာ စာစစ်ဌာနအလိုက် ထုတ်ပြန်ကြေညာထားရှိရာ ဝင်ရောက်ဖြေဆိုခဲ့သောကျောင်းသားကျောင်းသူ ၂၈၀ ဦးတွင် ၂၁၅ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်  တက္ကသိုလ်ဝင်စာမေးပွဲများကို အ.ထ.က(ဇီးကုန်း) စာစစ်ဌာနနှင့် အ.ထ.က(လေးမျက်နှာ) စာစစ်ဌာန(၂)ခုဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အောင်မြင်သူစာရင်းကို သက်ဆိုင်ရာ ကျောင်းများအလိုက် ထုတ်ပြန်ကြေညာခဲ့ထားရှိပြီး၊ တစ်မြို့နယ်လုံး၏အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင်လည်း ထုတ်ပြန်ကြေညာ ထားရှိသည်။

ဇီးကုန်းမြို့နယ်၌ စာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူ ၂၈၀ ဦးတွင် ၂၁၅ ဦးအောင်မြင်ခဲ့၍ အောင်ချက်ရာခိုင်နှုန်း ၇၆.၇၉ ရှိကြောင်းနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၄၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃၁)ဦးတို့ ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်းသိရသည်။

တင့်ဆွေ(ပြန်/ဆက်)