နောင်တရား ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၈၀.၁၅ ရာခိုင်းနှုန်း အောင်မြင်သည်။
နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ အတွဲ(၇)တွင် ၃၅ဦး၊ အတွဲ(၁)တွင် ၆၇ ဦး၊ အတွဲ(၂)တွင် ၂၉ ဦး စုစုပေါင်း ၁၃၁ ရှိပြီး အတွဲ(၇)တွင် ၃၂ဦး၊ အတွဲ(၁)တွင် ၅၀ဦး၊ အတွဲ(၂)တွင် ၂၃ ဦး၊ စုစုပေါင်း (၁၀၅)ဦး ဖြေဆိုအောင်မြင်ပြီး ၈၀.၁၅ ရာခိုင်နှုန်း အောင်မြင်သည်။ အဆိုပါအောင်မြင်သည့်ကျောင်းသားကျောင်းသူများတွင် ဇီဝဘာသာ(၂၀)ဦး၊ သင်္ချာဘာသာ(၄)ဦး၊ ဓါတုဘာသာ(၂)ဦး၊ ရူပဘာသာ(၁၀)ဦး၊ မြန်မာဘာသာ(၂)ဦး၊ အင်္ဂလိပ်ဘာသာ(၁)ဦး၊ ဘောဂဘာသာ(၁၇)ဦး ဂုဏ်ထူးရရှိပြီး ထူးချွန်စွာအောင်မြင်ကြသည်။ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ (၁၇၀၀)ဦး ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)