ကလေးဝ ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုထားသည့် အောင်စာရင်း များကို ယနေ့နံနက် ၆ နာရီကထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
ကလေးဝမြို့နယ်ရှိ စာစစ်ဌာနဖြစ်သည့် အထက-ကလေးဝနှင့် အထက-မစိန် တို့တွင် စာရင်းရှိ (၃၉၇) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၃၃၃) ဦးအနက်မှ (၂၅၇) ဦး အောင်မြင်ခဲ့၍ (၄) ဘာသာဂုဏ်ထူးရှင် (၁၀) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၂၇) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၄၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၅၈) ဦး စုစုပေါင်းဂုဏ်ထူးရှင် (၁၃၈) ဦးဂုဏ်ထူးထွက်ရှိကာ အောင်ချက်ရာခိုင်နှုန်း (၇၇.၁၈) % ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
သက်ဟန် (ကလေးဝ)