မအူပင်မြို့တွင် e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

မအူပင် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ ထုတ်ဝေသည့် e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲကျင်းပရာ တိုးရွှေဝါခန်းမတွင် ဖြန့်ဝေခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် e-ID စနစ်အကြောင်း၊ e-ID စနစ်၏ အဓိကရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ e-ID စနစ်အကောင် အထည်ဖော်ဆောင်ရွက်မည့် အဆင့် (၅) ဆင့်၊ UID (Unique Identity) နံပါတ်အကြောင်း၊ UID နံပါတ်ထုတ်ပေးခြင်းနှင့် UID ကိုဘယ်လို လူမျိုးတွေကိုထုတ်ပေးမှာလဲဆိုသည့် အကြောင်းအရာများပါဝင်ပြီး ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

 မအူပင်ခရိုင် (ပြန်/ဆက်)