ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

ဟိုပုံး ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပြန်ကြေညာသည်။

ထိုသို့ထုတ်ပြန်ရာတွင် ဟိုပုံးမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းရှိပြီး စာရင်းရှိ ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ(၂၁၆)ဦး၊ စုစုပေါင်း(၃၁၆)ဦး၊ ဖြေဆိုသည့် ကျောင်းသား(၉၅)ဦး၊ ကျောင်းသူ(၁၉၈)ဦး စုစုပေါင်း(၂၉၃)ဦး၊ အောင်မြင်သည့် ကျောင်းသား (၅၁)ဦး၊ ကျောင်းသူ(၁၂၅)ဦး စုစုပေါင်း(၁၇၆)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် တစ်ဘာသာဂုဏ်ထူး (၆၂)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၁၀)ဦး၊ သုံးဘာသာဂုဏ်ထူး(၈)ဦး၊ လေးဘာသာဂုဏ်ထူး(၄)ဦး၊ ငါးဘာသာ ဂုဏ်ထူး(၃)ဦးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၆၀.၀၇) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)