မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) (၁၆၀)ဦးဆံ့ ကျောင်းသူအိပ်ဆောင်သစ်နှင့် သုံးထပ်စာသင်ဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ကွန်ပျူတာတက္ကသိုလ်(မကွေး)၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် (၁၆၀) ဦးဆံ့ ကျောင်းသူအိပ်ဆောင်သစ်နှင့် သုံးထပ်စာသင်ဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၉ ရက်နေ့ ညနေပိုင်းက အဆိုပါ တက္ကသိုလ်အဆောင်သစ်များရှေ့၌ ကျင်းပရာ အခမ် းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ကွန်ပျူတာတက္ကသိုလ် (မကွေး)မှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ကျောင်းသား၊ ကျောင်းသူ များ၊ ဆောက်လုပ်ရေးကုမ္ပဏီ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သာပေါင်းမြို့နယ်အတွင်း ရေသယံဇာတ၊ငါးသယံဇာတ ရေရှည်ဖွံ့ဖြိုးတိုးတတ်စေရေး ကွင်းဆင်း ကြီးကြပ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ရေသယံဇာတ၊ငါးသယံဇာတ ရေရှည်ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့တွင်လည်း ငဝန်မြစ်မနှင့် ချောင်းများတစ်‌လျှောက် ကွင်းဆင်းကြီးကြပ် စစ်ဆေးလျက်ရှိသည်။

ကန်ကြီးထောင့်မြို့နယ်တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်းပိုမိုတိုးထွက်စေရေးအတွက် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်း တိုးတက်ရေးအတွက် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကို ကျုံပဒုတ်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့  မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းမှ ငွေကျပ် (၁၆၇)သိန်းနှင့်အဝတ်အထည်များ၊ စားသုံးဆီများနှင့်လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အပါ အဝင်ဘေးသင့်ဒေသများသို့ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ကြွေကြွေဇင်၊ဒုတိယဥက္ကဋ္ဌဒေါက်တာ မြတ်သီတာမြင့်နှင့် အဖွဲ့ဝင်များမှ ငွေကျပ်(၁၆၇)သိန်းနှင့်အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကလေးအာဟာရမှုန့်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊T-Shirtများ၊ စားသုံးဆီများကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းရာ UMFCCI Task Force  အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ လက်ခံရယူခဲ့သည်။

၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှုး၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၇) နာရီခွဲ အချိန်က အ-မ-က ခမောင်းခြေတိုင် ကျောင်းဝန်း၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမြဲတမ်းဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ဌာနရှိ အမြဲတမ်းဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကနီမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ရာသီဥတုများ ဖောက်ပြန်လာမှု၊ ဂေဟစနစ်ကို ပြန်လည်ထိန်းညှိနိုင်စေရန်နှင့် ရာသီဥတု ညီညွတ်မျှတလာစေရန်တို့ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၀ ရက်နေ့က အမှတ် ၂ ရပ်ကွက် ပေါ်တော်မူဘုရားသွားလမ်း အရှေ့ဘက်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ဟင်္သာတခရိုင်တွင်မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ  စီမံကိန်း ရန်ပုံငွေများအား တောင်သူများသို့ ပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များ၌မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း တိုးတက်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ် ဆေးများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟင်္သာတမြို့၊ တာကလေး ရပ်ကွက် နတ်မော်လမ်းရှိ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပမည်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၅) ရက်နေ့ နံနက်(၁၀)နာရီမှ (၁၂)နာရီထိ Grade-4မှ Grade -8အထိ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရ သည်။

ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း (၂၁) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ၊  မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် (၂၁) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ညနေပိုင်းက ပန်းဘဲတန်းရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to