အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပမည်

သရက် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၅) ရက်နေ့ နံနက်(၁၀)နာရီမှ (၁၂)နာရီထိ Grade-4မှ Grade -8အထိ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရ သည်။

ပန်းချီပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လိုသည့် Grade-4မှ Grade -8အထိ ကျောင်းသား/ကျောင်းသူများ အနေဖြင့် မြို့နယ်ပညာရေးမှူးရုံးတွင် စာရင်းပေးသွင်းနိုင်ကြောင်းပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၂) ဆု ပေးအပ်သွားမည်ဖြစ်ရာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ အား ဇွန်လ(၁၇)ရက်နေ့တွင် ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆုများ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ဇော်ထက်(သရက်)