နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များအား “လူငယ်တွေလမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်”စာအုပ်ပါအကြောင်းအား စာဖတ်ဝိုင်းပြုလုပ်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက စာရေးသူ မောင်ကျေးဇူး၏ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ပါ အကြောင်းအရာအား စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။