ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်၏ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ပြုလုပ်သည်။

မင်းပြားမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ဗိုလ်မှူးချုပ်ခင်ဇော်ကြည့်ရှုအားပေး စကားပြောကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင်သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်အသီးသီးတွင် တပြိုင်တည်းကျင်းပပြုလုပ်ခဲ့ကြသည်။

ကျောင်းဖွင့်ကာလတွင် ကျောင်းသား/သူများ  စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အ.ထ.က(၂)ကျောင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၈း၀၀) နာရီအချိန်က အမှတ်(၅) ရပ်ကွက်၊ အ.ထ.က(၂)ကျောင်း၌ ကျောင်းဖွင့်ကာလတွင် ကျောင်းသား/သူများ  စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝေါမြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှကြီးမှူးကျင်းပသော (၃၈) ဖြာမင်္ဂလာစာမေးပွဲ အောင်မြင်ဆုရသူများဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး ကျင်းပသော (၃၈) ဖြာမင်္ဂလာစာမေးပွဲ အောင်မြင်ဆုရသူများဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဝေါမြို့ ဓမ္မမေဒီနီဘုန်းတော်ကြီးသင်ပညာရေးကျောင်းဓမ္မာရုံ၌ ပြုလုပ်ကျင်းပခဲ့သည်။

ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် (၁၈၈) ကြိမ်မြောက် (၇) ရက်တရားစခန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၁၂၇) ၌ (၁၈၈) ကြိမ်မြောက် (၇) ရက် တရားစခန်းကို ယနေ့ နံနက် (၄) နာရီအချိန်က စတင် ဖွင့်လှစ်ကျင်းပခဲ့ကြောင်းသိရသည်။

ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် လူထုအခြေပြုဗဟိုဌာန၌ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်သူများ၊ စာဖတ်သူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဇွန်လ ၄ ရက်နေ့၌ ဖွင့်လှစ်လိုက်သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံတွင် ခင်းကျင်းပြသထားသည်များကို စိတ်ဝင်တစား ကြည့်ရှုသူများ၊ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
Subscribe to