မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများကို မျိုးစပါးနှင့်သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်းရှိ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ငွေများ၊၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့်တောင်သူများကို မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်မှု၊ ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးညွှန်ကြားရေးမှူးဒေါ်စုစုခိုင်နှင့်တွေ့ဆုံမေးမြန်း(ဒုတိယပိုင်း)

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလားမြို့နယ် ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊ အမှတ်(၂)ဘိလပ်မြေစက်ရုံတန် (၄၀၀၀)၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်သည့်အခမ်းအနားကို ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးဝမြို့တွင် ရွှေမုဋ္ဌောစေတီ​တော်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ ရွှေမုဋ္ဌော စေတီတော်၏ ပတ်ဝန်းကျင်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း ကို ယနေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့၌ ၂၀၂၃  ခုနှစ် ၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ စတင်ကျင်းပ

မန္တလေးတိုင်ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်းကျင်းပသော ၂၀၂၃  ခုနှစ်၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက  စတင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက် ကြသည်။

စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းနှင့်  ပူးပေါင်း၍  စာရေးဆရာ  နတ်သျှင် (ရွှေဂူ)၏ " အနာဂတ်ကိုမျှော်တွေးပါ " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to