ကနီ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ရာသီဥတုများ ဖောက်ပြန်လာမှု၊ ဂေဟစနစ်ကို ပြန်လည်ထိန်းညှိနိုင်စေရန်နှင့် ရာသီဥတု ညီညွတ်မျှတလာစေရန်တို့ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၀ ရက်နေ့က အမှတ် ၂ ရပ်ကွက် ပေါ်တော်မူဘုရားသွားလမ်း အရှေ့ဘက်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဝေစိုးနှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာများအား ပျိုးပင်များပေးအပ်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဝေစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမူရေးအသင်အဖွဲ့များနှင့် တက်ရောက်လာသော ပြည်သူများက စုပေါင်း၍ သစ်ပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် (၁၀၀)ပင် ပျဉ်းကတိုး(၅၀)ပင်၊ ယူကလစ်(၅၀)ပင်၊ လျှော်ဖြူပင်(၅၀)ပင်၊ ကုက္ကိုယ်ပင်(၂၅)ပင်၊ ခရေ(၂၅)ပင်၊ စိန်ပန်းကြီး(၁၀)ပင်နှင့် ပေါက်ပန်းဖြူ(၁၅)ပင် စုစုပေါင်း အပင်မျိုးစုံ ၃၂၅ ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်းသိရသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ပြည်သူများ စုပေါင်းပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)