စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာလူထုစိန်ဝင်း၏ ပထမတန်းစားစိတ်ဓာတ်စာအုပ်မှ “အဆင့်မြင့်လူဖြစ်ဖို့” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌​ ယမန်နေ့နေ့လယ် (၂)နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ​ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၅ ဦး ၊ အမျိုးသမီး ၄၈ ဦး၊ စုစုပေါင်း ၁၇၃ ဦးအား ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှလွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုများ အထူးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျေးရွာစာကြည့်တိုက်နှင့်အတူ ဖွံ့ဖြိုးတိုးတက်လာမည့် အောင်မင်္ဂလာကျေးရွာ

လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးလိုအပ်ချက်ကို ပြောပါဟုဆိုလျှင် ယင်းလူ့အဖွဲ့အစည်းတွင် ပါဝင်ပတ်သက်နေကြသည့် လူပုဂ္ဂိုလ်အားလုံး၏ အသိပညာရေချိန်(Knowledge Level)မြင့်မားနေရန်ပင်ဖြစ်သည်ဟု ဆိုရပါမည်။ အသိပညာ ဗဟုသုတ မြင့်မားတိုးတက်နေမှသာလျှင်ယင်းလူ့အဖွဲ့အစည်းအတွင်း၌ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးဟူသမျှကို ဆင်ခြင်တုံတရားဖြင့် ကောင်းစွာချင့်ချိန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိနိုင်ပြီး ကောင်းမွန်သည့် အကျိုးရလဒ်များလည်း ရရှိခံစားနေကြရမည် ဖြစ်သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စူဠာမဏိဘုရားကြီးဝင်းအတွင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ မြေဖြန့်ခင်းခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စူဠာမဏိဘုရားကြီးဝင်းအတွင်း ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းကာ ဘုရားကြီးဝင်း အရှေ့တောင်ထောင့်ရှိ မို့မောက်နေသော မြေစာပုံများ၊ အုတ်ခဲကျိုးများကို မြေဖြန့်ခင်းခြင်းလုပ်ဆောင်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က စုပေါင်းပြုလုပ် ကုသိုလ်ယူကြကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စူဠာမဏိဘုရားကြီးဝင်းအတွင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ မြေဖြန့်ခင်းခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စူဠာမဏိဘုရားကြီးဝင်းအတွင်း ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းကာ ဘုရားကြီးဝင်း အရှေ့တောင်ထောင့်ရှိ မို့မောက်နေသော မြေစာပုံများ၊ အုတ်ခဲကျိုးများကို မြေဖြန့်ခင်းခြင်းလုပ်ဆောင်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က စုပေါင်းပြုလုပ် ကုသိုလ်ယူကြကြောင်း သိရသည်။

တုံတာမြို့တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊တုံတာမြို့တွင် မိုးရာသီကာလ သွေးလွန်တုပ်‌‌ကွေး ဖြစ်ပွားမှုနည်းစေရန်ရည်ရွယ်၍  ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို  ယနေ့နံနက်ပိုင်းက တုံတာမြို့စာသင်ကျောင်းဝန်းနှင့်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to