ရမ်းဗြဲ ဇွန် ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှုး၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၇) နာရီခွဲ အချိန်က အ-မ-က ခမောင်းခြေတိုင် ကျောင်းဝန်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးမင်းထက်အောင်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် ဌာနဆိုင်ရာများထံ ပျိုးပင်များ လွှဲပြောင်းပေးအပ်ပြီးနောက် စုပေါင်းသစ်ပင် စိုက်ပျိုးကြသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် မန်ဂျန်ရှားပင် (၅၀၀)၊ သင်းဂနက်ပင် (၁၀၀)၊ စိန်ပန်းပင် (၂၀၀)၊ ခရေပင် (၁၀၀)၊ မြန်မာကုဣပင် (၁၀၀)၊ စုစုပေါင်းပျိုးပင် (၁၀၀၀) တို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်