မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦး ဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန်၊ ကြီးမြန်သောသစ်ပင်များစိုက်ပျိုးလျှင် စွမ်းအင်လည်းရစေရန်၊ ပြည်လည်းလှပမှုရှိစေရန်ရည်ရွယ်  ၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပုံဂံပုံကြီးကျေးရွာ အုပ်စု၊ ပုံဂံပုံကြီး-ပုံဂံပုံလေးကျေးရွာချင်းဆက်လမ်း မြေပေါ်တွင် ကျင်းပဆောင်ရွက်သည်။

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့်(ပဥ္စမအကြိမ်) မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကျင်းပ

နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသည့် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်လုံးဆိုင်ရာ (ပဥ္စမအကြိမ်) အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မောင်းရမ်း ကျေးရွာအုပ်စု၊ စည်သာအေးကျေးရွာရှိ သုခိတာရုံကျောင်းတိုက်၌ ကျင်းပရာ ဥတ္တရ သီရိမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဒုမမထေရ်မြတ်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။

စမ်းချောင်းမြို့နယ် အ‌.ထ.က (၄) တွင် “မူးယစ်ဆေးဝါးဒို့ရှောင်ရှား” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ အမှတ် (၄) အ‌ခြေခံပညာအထက် တန်းကျောင်းရှိ “တော်ဝင်” ခန်းမ၌‌‌ ကျောင်းသားလူငယ်များ မူးယစ်‌ဆေးဝါး အန္တရာယ်‌ကြောင့် လူ့စွမ်းအားအရင်းအမြစ် မဆုံးရှုံးစေရေး ရည်ရွယ်ချက်ဖြင့် “မူးယစ်ဆေးဝါးဒို့ရှောင်ရှား” ခေါင်းစဖြင့် ဟောပြောပွဲကို ယမန်နေ့ နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် (၁,၂၅၀,၀၀၀) ကျပ် လှူဒါန်း

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အပါအဝင် ဘေးသင့်ဒေသများသို့  မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကိုယ်စား ဒုတိယဥက္ကဋ္ဌ (၂) ဦးရဲဝင်းနှင့် ယာယီအထွေထွေ အတွင်း ရေးမှူး ဦးကျော်ဇေယျတို့မှ (၁,၂၅၀,၀၀၀) ကျပ် လာရောက် လှူဒါန်းခဲ့ရာ UMFCCI Task Force  အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အဖွဲ့ဝင် ဦးမျိုးသန့်တို့မှ လက်ခံရယူခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု မျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် လာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်ရာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ အသင်းအဖွဲ့များနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

GMS Business Council ၏ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်မြောက် Board of Directors' Meeting ကျင်းပ

Greater Mekong Subregion Business Council ၏ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်မြောက် Board of Directors' Meeting ကို ယမန်နေ့တွင် Hybrid စနစ်ဖြင့်ကျင်းပခဲ့ပြီး GMS Business Council ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ GMS BC Myanmar ဒါရိုက်တာ ဦးမိုးကျော်၊ ကုန်သည်စက်မှု အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အေးအေး၊ အလုပ်အမှု ဆောင် ဒေါ်လှလှရီနှင့် IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။

ပြင်ဉီးလွင်မြို့ အ.မ.က (၁၄) ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာလှပရေးနှင့် ခြုံနွယ်အမှိုက်များ ကင်းစင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၃) ရှိ အ.မ.က (၁၄) ကျောင်းဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး၊ ခြုံနွယ်အမှိုက်များကင်းစင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲကို   ယမန်နေ့နံနက် ၇ နာရီခွဲက အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။   

ကလေးဝမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (Talk Show) ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ယခုလ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများ အသိအမြင် ဗဟုသုတရစေရန် ရည်ရွယ်၍ လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့် (Talk Show)ကို ယမန်နေ့နေ့လည် ၁း၀၀ က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ကလေးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စီးနင်းနိုင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စီးနင်းနိုင်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
Subscribe to