မြန်အောင်မြို့ပေါ်ရပ်ကွက် (၆) ခုတွင် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ရပ်ကွက်များအတွင်း မိုးရာသီ ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သုခစိုးဟိုတယ်၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းထွန်းထွေး၊ ဒေါက်တာ ထွန်းရွှေ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

၂၀၂၃−၂၀၂၄ ပညာသင်နှစ် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများ ပညာသင်ထေက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကျင်းပ

၂၀၂၃−၂၀၂၄ ပညာသင်နှစ် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီက ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ  တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ လှူဒါန်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် LifePlus (Lujee Venture Capital Limited)မှ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများလှူဒါန်းပွဲကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာချန်ဖွမ်နှင့် မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့အား သီးခြားစီတွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းမျ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာချန်ဖွမ်၊ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဖွဲ့ဝင်များအား ဇွန် ၁၀ ရက်နေ့တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သီးခြားစီတွေ့ဆုံ၍ ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်‌ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ် ဖူဆယ်အားကစားကွင်းအနီး မြေကွက်လပ်၌ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့ကြသည်။

မအီမြို့၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် အခြားကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ သဒွန်ကျေးရွာအုပ်စု၊ မြောင်းတောင်ကျေးရွာတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ် းဖက်မှုပပျောက်ရေးနှင့် အခြားကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် တောင်ကုတ်မြို့နယ်အခြေစိုက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးများအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်တာဝန်ရှိသူများ မိုခါမုန်တိုင်းကြောင့် ပျက်စီး၊ဆုံးရှုံးသွားသည့် လေဘေးသင့်ပြည်သူများနှင့်ဘုန်းတော်ကြီးကျောင်းများအား ထောက်ပံ့ပစ္စည်းများလှူဒါန်း ပေးအပ်

ရခိုင်ပြည်နယ်စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပြန်လည် ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိနေသောဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက  ရသေ့တောင်မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဂိုဒေါင်ရှေ့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။

ငပုတောမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များလျော့ပါးပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာ စေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများခံစားရရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အရှေ့ပိုင်းရပ်ကွက် ကြက်လည်ဆစ်ဘုရားတောင်ခြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထန်တပင်၌ သန်းခေါင်စာရင်းယူနစ် ဆောင်ရွက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် GIS နည်းပညာကိုအသုံးပြုကာ (Census Units) သန်းခေါင်စာရင်းယူနစ်များ ဆောင်ရွက်ခြင်း လုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးတွင် ဇွန်လ (၁၀) ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to