စေတုတ္တရာမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ‌ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မုန်းတမံ ၄ မိုင်လမ်းခွဲမှ ၁ မိုင် ၇ ဖာလုံအနီး လမ်းဘေးတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပုသိမ်တက္ကသိုလ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်း၌ ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

စလင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ၏ ပျက်စီးပျောက်ဆုံးသွားသော အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များအား အသစ်ပြန်လည်ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်း(မိုခါ)ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေဘေးသင့်အိမ်ထောင်စုများ၏ ပျက်စီးပျောက်ဆုံးသွားသော အိမ်ထောင်စုဇယားများနှင့် မှတ်ပုံတင်များအား အသစ်ပြန်လည်ပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက ဆင်ဖြူကျွန်းမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စေတုတ္တရာမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ‌ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မုန်းတမံ ၄ မိုင်လမ်းခွဲမှ ၁ မိုင် ၇ ဖာလုံအနီး လမ်းဘေးတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောစားသောက် ကုန်များဝယ်ယူစားသောက်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည်။

ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအား ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ လာရောက်ဖူးမြော်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လာရောက်ဖူးမြော်ကာ မုန်ခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် သာသနာ့ အဆောက်အအုံများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကျိုက်မရော၌ ထန်းပင်ပေါင်း ငါးထောင်ကျော် ဒုတိယအကြိမ် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၏ သင်္ကေတအမှတ်အသားတစ်ခုဖြစ်သည့် LAND MARK ထန်းပင် စုပေါင်းစိုက်ပျိုးပွဲကို ဇွန်လ ၁၁ ရက် နံနက်က ကျိုက်မရောစံပယ်ဂူသွား ကားလမ်းပေါ်၌ ကျင်းပပြုလုပ်သည်။

ပုဏ္ဏားကျွန်းမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများက အခမဲ့ဆေးကုသပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ နယ်လှည့်အထူးကုအဖွဲ့(ဧရာဝတီ)မှ ဒေါက်တာဝေယံကို (အထွေထွေကုသမားတော်)ဦးဆောင်သော ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ၊ ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ် ၉/၂၀၂၃ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ် ၉/၂၀၂၃ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ မြဧရာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ကေ့ာကရိတ်မြို့ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ ကျောင်းနေသားသမီးများကို ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်

ကရင်ပြည်နယ် ကေ့ကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်၊ စည်ပင်သာယာရေးရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်နှစ်အတွက် ပညာသင် ကျောင်းသုံးပစ္စည်းများ နှစ်စဥ်ထောက်ပံ့ပေးအပ်လျက်ရှိပြီး ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် ပညာသင် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to