သရက်ချောင်းမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင်ကွမ်းသီးပျိုးပင်စိုက်ပျိုးရာမှ စျေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်များစိုက်ပျိုးရောင်းချရမှ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိကြောင်း ကွမ်းသီးပျိုးပင်များပြုစုပျိုးထောင်သူ တောင်သူများထံမှသိရသည်။

လားရှိုးမြို့ပေါ်ရှိ တရုတ်ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိ တရုတ်ကျောင်းပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက် (၁၂)ရှိ ကောဝိန်ကျောင်းတွင် ကျင်းပသည်။

ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ အကြိမ်ပြည့် ထိုးနှံနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အထူးဆုတောင်းဝတ်ပြုပွဲပြုလုပ်

ဂေခိုဂေဘား ကရင်နှစ်ခြင်းခရစ်ယာန်သာသာနာ၊ လိပ်သိုမြို့ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အထူး ဆုတောင်းဝတ်ပြုပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးမြို့ အ.ထ.က(၁) ကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။

ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့ပြအင်ဂျင်နီယာ ဦးဆောင်လျက် ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့သန့်ရှင်းသာယာလှပ စေရေးအတွက် ယနေ့ နံနက် ၈ နာရီက ကျောင်းကြီး လမ်း ရေနုတ်မြောင်းများဆည်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် ပေါင်းမြက်နှင့်အမှိုက်များ ရှင်းလင်းသိမ်းဆည်းခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း တစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ဍရင်ကောက်ရွက်နုများ လှိုင်လှိုင်ပေါက်ရောက်နေပြီး ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်း၊ သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက် လျက်ရှိရာ ကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဍရင်ကောက်ရွက်များ လှိုင်လှိုင်ပေါက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ အမျိုးသားဘောလုံးပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်အားပေး၊ မြို့တွင်းရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ စတုတ္ထအကြိမ်မြောက် သင်တန်းကျောင်း များရှိ သင်တန်းသားများအတွက် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသည့် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။

နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to