ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၂)ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် ချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို သိရှိစေရန်နှင့်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီကချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ် (တောင်ပိုင်း)မြို့နယ် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယနေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စောင်ပြသခြင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစောင်များဖြန့်ဝေခြင်းတို့ကို၊ ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/မများ ခန့်ထားပေးနိုင်ရေး ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ တွေ့ဆုံသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့ အမှတ်( ၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကန့်ဘလူမြို့ အမှတ်( ၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ ကန့်ဘလူ နိုင်ဝင်ဘာ ၁၆ အောင်ဝင်းငြိမ်း (ကန့်ဘလူ)

တောင်ငူ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂) အုတ်ကျွတ်တန်း အခြေခံမူလတန်းလွန်ကျောင်းတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

အမ်းမြို့၌ မြေပြင်လူဦးရေစာရင်းဆိုင် ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း မှန်ကန်​စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းကို  ယမာန်နေ့က စျေးတောင်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to