မရမ်းကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)ရပ်ကွက်ရှိနေအိမ်များတွင် သွေးလွန်တုတ်ကွေး ရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။