သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက် များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သီတဂူစက္ခုဒါနဆေးရုံတော်(ရန်ကုန်)၌ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိပ်ကုသ‌ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံတော်(ရန်ကုန်)၌ မျက်စိဝေဒနာရှင်များအား နံနက် ၇ နာရီမှ ညနေ ၃ နာရီထိ အခမဲ့စမ်းသပ်ခွဲစိပ် ကုသ‌ပေးလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာ သို့ သွားရောက်ငှားရမ်းပေးကြသည်။

မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသာကျောင်းသူများအား ယနေ့နံနက်(၁၀)နာရီအချိန်က အ-ထ-ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ငွေကျပ်(၁၆၇)သိန်းနှင့်အဝတ်အထည်များ၊ စားသုံးဆီများနှင့်လူသုံးကုန်ပစ္စည်းများလှူဒါန်း

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အပါအဝင် ဘေးသင့်ဒေသများသို့   မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌဒေါ်ကြွေကြွေဇင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြတ်သီတာမြင့်နှင့် အဖွဲ့ဝင်များမှငွေကျပ်(၁၆၇)သိန်းနှင့် အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ ၊ ကလေးအာဟာရမှုန့်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ T - Shirt များ၊ စားသုံးဆီများ လာရောက်လှူဒါန်းခဲ့ရာ UMFCCI Task Force  အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်မှ လက်ခံရယူခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်  ယနေ့နံနက် ၁၀ နာရီအချိန်က Woman Club အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရွာငံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဖွင့်လှစ်သည့် ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ ပဲပုတ်ချပ်ပြုလုပ်ရောင်းချသူများအဆင်ပြေ

တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ ပဲပုပ်ချပ်တစ်ပိဿာလျှင် တစ်သောင်းကျော် ရရှိသဖြင့် ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၃ခုနှစ်တွင် မိုးစပါး (၂၆၀၁၆)ဧကစိုက်ပျိုးရန်လျာထား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၃ခုနှစ်တွင် စပါးအထွက် နှုန်းတိုးတက်မြှင့်မားစေရေးအတွက် ယခုနှစ်မိုးစပါးစိုက်ရာသီတွင် သဘာဝမိုးရေဖြင့်မိုးစပါး (၂၆၀၁၆)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  “အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေနဲ့ အောင်မြင်မှုဆီကိုသွားရာလမ်းမှာ မဆုတ်မနစ် အလျော့မပေးပဲ စွဲစွဲမြဲမြဲနှင့် ဇွဲရှိရှိ ရည်ရွယ်ရာပန်းတိုင်ဆီကို သွားဖို့ရန် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to