မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြစိမ်းလန်းစိုပြည်စေရေး ပန်းအလှပင်များ စိုက်ပျိုးနိုင်ရန် ပျိုးပင်များ ပျိုးထောင်ထားရှိ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိသစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့သစ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ အစဉ်သန့်ရှင်းသာယာလှပနေစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း သာယာစိမ်းလန်းစိုပြည်စေရန် ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေး လွတ်လပ်ရေးပန်းခြံအတွင်း ပျိုးဥယျာဉ်ခြံ၌ ပန်းအလှပင်များ ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။