လားရှိုးမြို့ပေါ်ရှိ တရုတ်ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကျင်းပ

လားရှိုး ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိ တရုတ်ကျောင်းပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက် (၁၂)ရှိ ကောဝိန်ကျောင်းတွင် ကျင်းပသည်။

အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲသို့ လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်ချောစုအောင်၊ ကောဝိန်ကျောင်းအုပ်ကြီးနှင့် ကိုးကန့်စာပေယဉ်ကျေးမှုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးလှသန်တို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

တရုတ်ကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲသို့ လားရှိုးမြို့ပေါ်ရှိ တရုတ်စာသင်ကျောင်းများမှ အမျိုးသား (၉) သင်း၊ အမျိုးသမီး (၆) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ ကာလမှာ ဇွန်လ ၁၁ ရက် မှ ၂၂ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)