ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကလေးအလုပ်သမားပ​ပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၁) နာရီအချိန်က Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှုပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျန်းမာရေးဝန်ထမ်းများသည် ဌာနဆိုင်ရာရုံးများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အိမ်မဲမြို့နယ်တွင်ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍စာကြည့်တိုက်သို့မလာရောက်နိုင်သော ဝန်ထမ်းများအား  စာဖတ်ခြင်း အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်  မြို့နယ် သမဝါယမဦးစီးဌာနရုံး တွင် ယနေ့နံနက် ၉ နာရီတွင်သွားရောက်ငှားရမ်းပေးခဲ့သည်။

ဆီဆိုင်မြို့နယ်၌ ပင်မှည့်သီးနှံစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပင်မှည့်သီးနှံစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာ၌ ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူများအား စားအုံးဆီ တစ်ပိဿာလျှင် ကျပ် ၄၂၀၀ နှုန်းဖြင့် ရောင်းချပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ တပင်ရွှေထီးရပ်ကွက်၌ ပြည်သူများ စျေးနှုန်းသက်သာစွာ ဆီဝယ်ယူနိုင်ရေးအတွက်နေ ပြည်တော်ဆီလုပ်ငန်းရှင်များအသင်းမှ  ယနေ့ နံနက်ပိုင်းက ဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု စံပြကျေးရွာသို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု စံပြကျေးရွာ သို့ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေ အလှူတော်တာဝန်ရှိသူ ဦးဝင်းမင်းထွန်းထံက သိရသည်။

တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် မိုးစပါး( ၁၃၂၆၉၄ )ဧက စိုက်ပျိုးသွားမည်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း၊ မျိုးသန့် တိုးပွားစေရန်နှင့် တစ်ဧကအထွက်နှုန်းတိုးပွားစေရန် ရည်ရည်၍ တောင်သူများအား အနီးကပ် စိုက်ပျိုးရေးစနစ်များကို အချိန်မီပညာပေးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက(၁၃၂၆၉၄)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပလောက်မြို့တွင် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် ကော်ဖီပင်များထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကျောက်တောင်‌ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် ကော်ဖီပင်များအားအကျိုးဆောင်တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to