မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း

ပြည်ကြီးတံခွန် ဇွန် ၁၂

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း တစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စားငှားဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝန်ထမ်းများအနေဖြင့် ရုံးပိတ်ရက်များတွင် စာပေဖတ်ရှုခြင်းဖြင့်  စိတ်အပန်း ဖြေနိုင်စေရန်၊ အားလပ်ချိန်တွင်အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ သိရှိစေရန်နှင့်စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် မိုဘိုင်းစနစ်ကိုအသုံးပြု၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်စောလွင်က ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ထို့နောက် ရဲတပ်ဖွဲ့ဝန်ထမ်းများအား သုတ/ရသစာအုပ်(၂၃၇)အုပ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)