လားရှိုးမြို့နယ်အတွင်းတွင် ကြက်ဥဈေးကောင်းရနေခြင်းကြောင်း ကြက်မွေးမြူရေးသမားများ အဆင်ပြေ Read more about လားရှိုးမြို့နယ်အတွင်းတွင် ကြက်ဥဈေးကောင်းရနေခြင်းကြောင်း ကြက်မွေးမြူရေးသမားများ အဆင်ပြေ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ကြက်ဥဈေးကောင်းရနေခြင်းကြောင့် ကြက်မွေးမြူရေးသမားများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မြေဆီလွှာပြုပြင် (ထုံးထည့်သွင်းခြင်း)လုပ်ငန်းသရုပ်ပြ Read more about သာပေါင်းမြို့နယ်တွင် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မြေဆီလွှာပြုပြင် (ထုံးထည့်သွင်းခြင်း)လုပ်ငန်းသရုပ်ပြ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မြေဆီလွှာပြုပြင်ခြင်းလုပ်ငန်း (ထုံးထည့် သွင်းခြင်း) သရုပ်ပြပွဲကို ယနေ့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အောင်တပ်ကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြသည်။
ပုဂံရှေးဟောင်းနယ်မြေတွင် နားတောင်းမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် မဟာဗောဓိစေတီတော်အားဖူးမြှော်နိုင်ပြီး အင်းဝခေတ်ရေးထိုးမင်စာများအားလေ့လာနိုင် Read more about ပုဂံရှေးဟောင်းနယ်မြေတွင် နားတောင်းမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် မဟာဗောဓိစေတီတော်အားဖူးမြှော်နိုင်ပြီး အင်းဝခေတ်ရေးထိုးမင်စာများအားလေ့လာနိုင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ ခရစ်နှစ်(၁၂၁၅)ခုနှစ်တွင် နားတောင်းမင်းကြီးတည်ထား ကိုးကွယ်ခဲ့သည့် မဟာဗောဓိစေတီတော်အားဖူးမြှော်ပြီး တည်ထားမှုပုံစံဗိသုကာလက်ရာများကို လေ့လာနိုင်ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ Read more about ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က မြန်မာ့မီးရထား၊ ပုဂံဘူတာဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ထန်းဇင်လှကျေးရွာအုပ်စု၌ ငါးသယံဇာတ၊ ရေသယံဇာတထိန်းသိမ်းရေး ဟောပြောပွဲကျင်းပ Read more about သာပေါင်းမြို့နယ် ထန်းဇင်လှကျေးရွာအုပ်စု၌ ငါးသယံဇာတ၊ ရေသယံဇာတထိန်းသိမ်းရေး ဟောပြောပွဲကျင်းပ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ဩဘာဆောင်ခန်းမ၌ ရေသယံဇာတ၊ ငါးသယံဇာတတိုးပွားထိန်းသိမ်းစေရေး အသိပညာပေး ဟောပြောပွဲကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက် Read more about ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက် ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီအချိန်က ကမမောင်းမြို့ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်ခြင်းများကို လူစီကားရာနေရာများ၊ စျေးများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ဆုတောင်းဝတ်ပြုပွဲကျင်းပ Read more about လှိုင်းဘွဲမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ဆုတောင်းဝတ်ပြုပွဲကျင်းပ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ (ခ)ရပ်ကွက်အတွင်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့၏ သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက်အဆင်မြင့်တင် ပြုပြင်မွမ်းမံ လျက်ရှိရာ(၇၀)ရာနှုန်းပြီးစီးနေပြီဖြစ် Read more about တနင်္သာရီမြို့၏ သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက်အဆင်မြင့်တင် ပြုပြင်မွမ်းမံ လျက်ရှိရာ(၇၀)ရာနှုန်းပြီးစီးနေပြီဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၏ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာကန်တော်သည် တနင်္သာရီမြို့-ချောင်းငယ်ကျောင်းတိုက်၏ မြောက်အရပ်တွင်တည်ရှိပြီး ယင်းနေရာတွင် မဟာသီရိ ဓမ္မသောကမင်းကြီးက ရေကန်တော်နှင့်စေတီတော်တို့ကို လှူ ဒါန်းခဲ့လေသည်။ ၎င်းတို့မှာ ချောင်းငယ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ နန်းဦးစေတီနှင့်ရာဇမင်္ဂလာကန်တော် ပင်ဖြစ်ပြီး ထိုမင်္ဂလာကန်တော်ကို တနင်္သာရီမင်းဆက်များက ဦးခေါင်းဆေးမင်္ဂလာပြုရာတွင် အဓိကအသုံးပြုခဲ့ကြသည်ဟုဆိုသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ ပေးအပ်ခြင်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား တောင်သူများသို့ ပေးအပ် Read more about နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ ပေးအပ်ခြင်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား တောင်သူများသို့ ပေးအပ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ခုနှစ် ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက် မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီ (၁၅)မိနစ်အချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား မအူပင်ခရိုင်အတွင်းရှိ မြို့နယ်(၄) မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ Read more about နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား မအူပင်ခရိုင်အတွင်းရှိ မြို့နယ်(၄) မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား မအူပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်က အမှတ်(၉)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။