ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်

ရေဦး ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့  မြို့ပြအင်ဂျင်နီယာ ဦးဆောင်လျက် ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့သန့်ရှင်းသာယာလှပ စေရေးအတွက် ယနေ့ နံနက် ၈ နာရီက ကျောင်းကြီးလမ်း ရေနုတ်မြောင်းများဆည်ခြင်း၊ လမ်းဘေးဝဲယာ တစ်လျှောက် ပေါင်းမြက်နှင့်အမှိုက်များ ရှင်းလင်း သိမ်းဆည်းခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် အောင်ဆန်းရပ်ကွက် ကျောင်းကြီးလမ်းတစ်လျှောက် ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ‌ ရေးအဖွဲ့အမှုဆောင် အရာရှိမှ ကြီးကြပ်၍ စည်ပင် သာယာရေးဝန်ထမ်းများနှင့် တွဲဖက်ဝန်ထမ်း ပူးပေါင်းအင်အား ၉ ဦးဖြင့် ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းအတွင်း အမှိုက်နှင့်‌ မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် စွန့်ပစ် အမှိုက်များ ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့် မြောင်းချေးများအား ယာဉ်(၁)စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းသန်း (ရေဦး)