လိပ်သို ဇွန် ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်း၊ သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက် လျက်ရှိရာ ကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဍရင်ကောက်ရွက်များ လှိုင်လှိုင်ပေါက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ မိုးဦးကာလ ဍရင်ကောက်ရွက်ပေါ်ချိန်တွင် ဍရင်ကောက် အရွက်နုများကို ဒေသခံပြည်သူများက မိသားစုစားသုံးရန် လိုက်လံချိုးယူကြပြီး ပိုလျှံသော ဍရင်ကောက်ရွက်နုများကို အခြားစားသုံးသူများထံ ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများ ရရှိလျက်ရှိသည်။
ယခင်ကာလများကဍရင်ကောက်ရွက်များ လွန်စွာပေါများသောကြောင့် တစ်စီးကို ကျပ် (၅၀ဝိ/-) သာရရှိခဲ့သော်လည်း ဆေးဖက်ဝင် ဍရင် ကောက်ပင်များမှာ အရသာကောင်းမွန်သည့်အတွက် စားသုံးသူများနှစ်ခြိုက်လျက်ရှိရာ တစ်စီးကို ကျပ် (၁၀၀ဝိ/-) ဖြင့် ရောင်းချရကြောင်း အုတ်ဖို ရွာနေ ဍရင်ကောက်ရွက်နု ချိုးယူရောင်းချသူ တစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်(လိပ်သို)