မိုင်းခတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်ရှိ နေအိမ်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ္မတူတွင် ဒုတိယအကြိမ်မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဒုတိယအကြိမ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲအချိန်က မြို့နယ်ဂေါက်ကလပ်ဝင်းအတွင်း၌ ကျင်းပသည်။

ရာသီအလိုက် ဟင်းသီး၊ ဟင်းရွက်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရ၍ မိသားစုအတွက် အဆင်ပြေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်း တောင်သူတစ်ဦးက ပြောင်း၊ မြေပဲ၊ ဆန်ပါးစိုက်ပျိုးခြင်း လုပ်ငန်းများအပြင် တစ်ဘက်တလမ်းမှ ဝင်ငွေရရှိသည့် မီးဖိုချောင်သုံး ဟင်းသီး၊ ဟင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအတွက် အပိုဝင်ငွေများရရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီ အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် ကျောင်းမုန့်ဈေးရောင်းချသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစစ်ဆေးပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းမုန့်ဈေးရောင်းချသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် မုန်းဈေးရောင်းချသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် လူရည်ချွန်မောင်မယ် ရွေးချယ်ခြင်းခံရသော လူရည်ချွန်မောင်မယ်(၃)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ) ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်အတွင်းသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီး၊ အပူဒဏ်အန္တရာယ်လျော့နည်းစေရန်၊ ရာသီဥတုညီညွတ်မျှတစေရန်၊ အရိပ်အာဝါသများရရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က (သနပ်ပင်) ကျောင်း‌၌ ကျင်းပခဲ့သည်။

ကျိုင်းလပ်မြို့၌ စာပေချစ်မြတ်နိုးသူများအဖွဲ့မှ "မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အသင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ဝန်ထမ်းသား၊သမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ ခတ်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီတွင် လယ်ပေါ်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Subscribe to