ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးမြို့ အ.ထ.က(၁) ကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက နိုင်ငံတော်အစိုးရရဲ့ မူဝါဒနှင့်အညီ e-Government ကော်မတီရဲ့လမ်းညွှန်မှုအရ အီလက်ထရောနစ်စနစ်နဲ့ လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း (e-ID) ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက Focal Ministry အဖြစ်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါတယ်။ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းဆိုတာကတော့ မြန်မာနိုင်အတွင်း နေထိုင်သူ အသက်(၁၀)နှစ်အထက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်မျာ (Biographic Data)၊ ဇီဝအချက်အလက်များ (Biometric Data)တို့ကို ကောက်ယူပြီး ဂဏန်း (၁၀) လုံး ပါဝင်တဲ့ Unique Identity (UID) နံပါတ်တစ်ခုစီပေး၍ Digital စနစ် အချက်အလက်များ မှတ်ပုံတင်ပြီး Database အတွင်း ထိန်းသိမ်းထားရှိတဲ့ စနစ်ဖြစ်ပါတယ် e-ID စနစ်ရဲ့အဓိကရည်ရွယ်ချက်က ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ စိစစ်နိုင်တဲ့ တစ်ခုတည်းသော နံပါတ် Unique Identity (UID) ထုတ်ပေးရန်၊ Online စနစ်ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေတဲ့ အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းများအတွ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မယ့် အခြေခံစနစ်တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးမှာ (Biometric) အချက်အလက်များ ကောက်ယူမှာဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေဆောင်ရွက်ဖို့ Enrollment Devicesစက်အစုံ(၅၀)ကို ခွဲဝေရရှိခဲ့ပါတယ်၊ စက်တစ်စုံအတွက် သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီတဲ့ ယာယီစာရင်းကောက် တစ်ဦး ခန့်အပ်တာဝန်ပေးအပ်မှာဖြစ်လို့ စက်အစုံ(၅၀)အတွက် ယာယီစာရင်းကောက်(၅၀)ဦး ခန့်အပ်မှာ ဖြစ်ပြီးသင်တန်းသားများအနေနဲ့ e-ID စနစ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် သင်တန်းနည်းပြ အရာရှိများရဲ့ လက်တွေ့သင်ကြား ပို့ချချက်တွေကို အလေးအနက်ထား သင်ယူမှတ်သားရန်၊ လက်တွေ့ကွင်းဆင်း ဆောင်ရွက်တဲ့ အခါမှာ အမှားအယွင်း မရှိစေရေး မရှင်းလင်းတဲ့အချက်များ ရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်း ဆောင်ရွက်ရန်နှင့် မြေပြင်မှာ လုပ်ငန်းဆောင်ရွက်ရင်း အခက်အခဲများ တွေ့ကြုံလာပါက သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူ အဆင့်ဆင့်ထံ တင်ပြသွားဖို့နဲ့ e-ID စနစ်နဲ့ မြန်မာနိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝ ဆင့်အတန်းမြင့်မားစေဖို့ ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန၊ နည်းပညာ အသုံးပြု အထောက်အကူပြုရေးအဖွဲ့မှ နည်းပြအရာရှိ ဦးကျော်ဇေယျာထွန်းနှင့် ဦးမင်းသန့်ဦးတို့က Biometric Enrollment and UID Management System အသုံးပြုနည်းသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းအားပဲခူးတိုင်းဒေသကြီးအတွင်းရှိ  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်/ မြို့နယ် ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် သင်တန်းနည်းပြ(၂)ဦး သင်တန်းသား/ သူ (၅၈)ဦး စုစုပေါင်း(၁၀၃)ဦးတက်ရောက်ကြပြီး ဇွန်လ ၁၂ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ထိ (၅)ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)