ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကန့်ဘလူ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ အကြိမ်ပြည့် ထိုးနှံနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ စီစဥ် ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက လာရောက်ကာကွယ် ဆေးထိုးနှံသူပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုးနှံရမည့်သူများအား အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကာကွယ်ဆေးများကို ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ စနစ် တကျ ထိုးနှံပေးသည်။

အဆိုပါနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံသူ ၅ ဦး၊ ပဉ္စမအကြိမ် (ထပ်ဆောင်းကာကွယ်ဆေး) ထိုးနှံသူ ၁၀ ဦးရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် စာရင်းပေး သွင်းထားသူ ၁၂ ဦးရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို တနင်္လာနေ့မှ သောကြာနေ့ အထိ နေ့စဥ်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)