နတ်တလင်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုး၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်တို့မှ အသီးသီးပညာသင်ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့သည်။
အဆိုပါ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသား(၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်း၊ အထက်တန်းကျောင်းသား/ သူ (၂) ဦးအတွက် တစ်ဦးလျှင် ပညာသင်စရိတ် ငွေကျပ် တစ်သောင်းခွဲ၊ အလယ်တန်းကျောင်းသား/ သူ (၇) ဦး အတွက် တစ်ဦးလျှင် ငွေကျပ်တစ်သောင်း နှင့် မူလတန်းကျောင်းသား/သူ (၂၄) ဦးအတွက် တစ်ဦးလျှင် ပညာသင်စရိတ်ငွေကျပ် ငါးထောင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)