ယင်းမာပင်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ယင်းမာပင် ဇွန် ၁၃

လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့်  မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ()နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်() အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ယင်းမာပင်မြို့၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်က လောကတွင် အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် ဒွန်တွဲနေတဲ့အတွက် အမှောင်ထု ချောက်ကမ်းပါးထဲ ဆွဲချမည့် မူးယစ်ဆေးဝါးများသည် နည်းပညာဖွံ့ဖြိုးမှုများနှင့်အတူ ပိုမိုများပြားဆန်းကြယ်စွာ လူငယ်ထုလက်ထဲ အလွယ်တကူ ရောက်ရှိနေနိုင်သည့်အတွက်  ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်သုံးစွဲသူဘဝ မရောက်ရှိရန် လိုက်နာသင့်သည့် အချက်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ယင်းမာပင်ခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်အေးက မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊  မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးနိုင်သည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသည် လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်းတိုက်ဖျက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်