မြန်အောင် ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ နေခြည်စျေးအတွင်းရှိ ဆေးဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးဆိုင်များကို ယနေ့နံနက်က ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်အောင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ထိန်းချုပ်ဆေးဝါးများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)