လောက်ကိုင် ဇွန် ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အမှတ်(၃) ရပ်ကွက်အတွင်း ဒေသခံပြည်သူများနှင့် ခရီးသွားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းဘေးဈေးသည်များ ကျူးကျော်ရောင်းချမှု ရှိ/မရှိအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရဲတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ လောက်ကိုင်မြို့ အမှတ်(၃) ရပ်ကွက်အတွင်းရှိ လမ်းသွားပြည်သူများ သွားလာ၍မရအောင် လမ်းပိတ်ပြီးဈေးခင်း ရောင်းချနေသော ဈေးသည်များ၊ လူသွားလမ်း ပလက်ဖောင်းများပေါ်တက်၍ ဈေးရောင်းချသဖြင့် လမ်းသွားပြည်သူများ လမ်းမပေါ်တက် သွားလာနေရ၍ ယာဉ်အန္တရယ်များ ဖြစ်ပေါ်နိုင်ကြောင်း အသိပညာပေးပြောကြားပြီး ဈေးခင်းကျင်းထားရှိမှုများကို အနည်းငယ်နောက်ဆုတ် ခင်းကျင်းကြရန်ပြောကြားခဲ့ကြောင်း နောက်နောင် ပလက်ဖောင်းပေါ်တွင် လမ်းပိတ်ဈေးရောင်းချပါက အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း ( လောက်ကိုင်)