ဘိုကလေးမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

နိုဝင်ဘာ (၁၇) ရက်နေ့တွင် ပြည်မှီမည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/သူ၊ လူငယ်၊ မောင်မယ်များ ကောင်းမြတ်မှန်ကန်သည့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ထာဝရရှင်သန်ထက်မြက်ရေး၊ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ယနေ့နံနက် (၁၀) နာရီတွင် ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းကို အရောက်သွား၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ငါ့သရောက်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ် းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအ ထက်တန်းကျောင်းခွဲ (ကုလားတဲ)တွင် ကျောင်းသားကျောင်းသူများနှင့်ဆရာ/များကိုဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

မိုင်းတုံမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရှိ Community Centre ခန်းမ၌ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်‌နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့(၁၄:၃၀)နာရီအချိန်က ဒုတိယဦးစီးမှူးဒေါ်သီတာ‌အေးနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်သက်သက်ခိုင်တို့မှ  ဆွေးနွေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ( ၆ ) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးဥာဏ်မြင့်‌ကျော်၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများ၊ ခရိုင်နှင့်မြို့နယ်တို့မှ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများ/ မြို့နယ်ဦးစီးအရာရှိများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ အဌမအကြိမ်မြောက် အာစရိယပူဇော် ပွဲ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း ဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ ကျင်းပပြု လုပ်မည့် အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် ဟောပြောခဲ့ကြောင်း သိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းတွင် လိမ္မော်သီးများ ဈေးကောင်းရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီချိန် ထွက်ရှိလာ သည့် လိမ္မော်သီးများ ပေါ်ဦးပေါ်ဖျားကာလတွင် တစ်ကီလို ကျပ် ၄၀၀၀ အဖွင့်ဈေးကောင်း ရသဖြင့် တောင်သူများ ပျော်ရွှင်လျက်ရှိသည်။

မြို့သစ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ဆောင်၌ ယမန်နေ့နေ့လည်(၂)နာရီခွဲက ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/သူ(၂၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မောက်မယ် အ.ထ.က၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းကျောင်း (မောက်မယ်)၌ ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာ ဘာသာစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to