ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး စာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်း
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့သည်။