နတ်တလင်းခရိုင်၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် တင်ဒါရလုပ်ငန်းများနှင့်စပ်လျဉ်း၍ ချပြရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နတ်တလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် တင်ဒါရ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချပြရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

လားရှိုးမြို့တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးသီးနှံ ၁၇၇၁၃ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ ဇွန်လ လဝက်အထိ မိုးသီးနှံ (၁၇၇၁၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပ

လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုန်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်(၉)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့ရုံး၊ (Community Centre) ခန်းမ၌ “ဒို့ကျေးရွာ” ဂျာနယ် အတွဲ-၂၀၊ အမှတ်-၁၁ မှ “ကမ္ဘာမြေကို ကာကွယ်ရန်ထိန်းသိမ်း‌ စောင့်ရှောက်ရမည့် သဘာဝ ပတ်ဝန်းကျင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံးတွင် “ဒို့ကျေးရွာ” ဂျာနယ် အတွဲ-၂၀၊ အမှတ်-၁၁ မှ “ကမ္ဘာမြေကို ကာကွယ်ရန်ထိန်းသိမ်း‌ စောင့်ရှောက်ရမည့် သဘာဝပတ်ဝန်းကျင်” ဆောင်းပါးဖြင့် ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လိုက်လံဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် တိုက်နယ်ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ မိုင်းလုံမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လိုက်လံဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈)နာရီခွဲ အချိန်က အထက်ရပ်ကွက်အတွင်း လိုက်လံဆောင်ရွက်ကြသည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၃  ခုနှစ် ၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပိုက်ကျော် ခြင်းပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃  ခုနှစ်၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးဝင်း အတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပခဲ့သည်။

မိတ္ထီလာတပ်နယ် အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်၅၀၀)နယ်လှည့်ဆေးကုသရေးအဖွဲ့က သာစည်မြို့နယ်ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ သာသနာ့ရက္ခိတကျောင်းတိုက် ဓမ္မာရုံ၌ မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က ရဟန်းသံဃာများ၊ သီလရှင်များနှင့်ဒေသခံပြည်သူများကို ယမန်နေ့ နံနက် ၈ နာရီက  အခမဲ့ ဆေးကုသပေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှူလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍
Subscribe to