အရာတော် ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီ လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နွယ်နီမြင့်က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပြည့်ဖြိုးအောင်နှင့် မြို့မစခန်းမှူး ဒုတိယရဲမှူး ကြည်ဌေးတို့က မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ပတ်သက်သည့် အကြောင်းအရင်းများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုက်နာသင့်သည့် အချက်များနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်း သိကောင်းစရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်