မြိတ် ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု မဇော-ကင်းတပ် ကျေးရွာချင်းဆက်လမ်းဘေးဝဲယာတွင် အရိပ်ရရှိစေရန်အတွက် သစ်တောဦးစီးဌာနနှင့် ကျေးရွာသူ/သားများစုပေါင်း၍ အရိပ်ရသစ်ပင် မန်ဂျာရှားပျိုးပင်များကို ယမန်နေ့နံနက်ပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
စုပေါင်းစိုက်ပျိုးရာတွင် မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မဇောကင်းတပ်ကျေးရွာမှ ကျောင်းသစ်ကျောင်းကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် မဇောကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများစုပေါင်း၍ စိုက်ပျိုးခဲ့ကြသည်။
မဇော-ကင်းတပ် ကျေးရွာချင်းဆက် လမ်းဘေးဝဲယာ ပေ(၃၀၀၀)ခန့်တွင် အရိပ်ရသစ်ပင် မန်ဂျန်ရှား ပျိုးပင် (၅၀၀)ပင်အား လမ်းဘေးဝဲယာ အရိပ်ရရှိစေရန် သစ်တောဦးစီးဌာနနှင့် ကျေးရွာသူ/သားများ စုပေါင်း၍ စနစ်တကျ စိုက်ပျိုးခဲ့ကြပါကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)