ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်များ၊ ကြက်ဥများနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား ရပ်ကွက်/ကျေးရွာများသို့အရောက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဟိုင်းကြီးကျွန်း ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၂၃) ရေတပ်အုပ်ချုပ်ရေးတပ် စိုက်ခြံနှင့်မွေးမြူရေးခြံတို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို  ယနေ့နံနက် (၀၅း၃၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂)ရပ်ကွက်စျေး၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးရခြင်းကြောင့် ကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ပိုမိုခံစားရရှိကြပြီး စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိသည့်အတွက် ကုန်ကျစရိတ်လည်း များစွာ သက်သာလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချခြင်းကို အင်္ဂါ၊ ကြာသပတေးရက်များ၌ ရပ်ကွက်အလိုက် အပတ်စဥ် ဆောင်ရွက်သွားမည်ဖြစ်ပြီး စျေးနှုန်းသက်သာ၍ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးရသည့်အတွက် မိဘပြည်သူများ၊ ဝန်ထမ်းများမှလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)